လမင်းလေးရေ
အသည်းမှာစွဲနေတဲ့မျှားချက်က
ဘယ်သူမှမသိဘူး
ငါ့ကိုရူးသွားစေခဲ့တာ ............
လမင်းလေးရေ
"မင်းကို ငါ ချစ်တယ်"
ရာစုနှစ်ပေါင်းများစွာကတည်းက
အခုထိ မရိုးနိုင်တဲ့ စကားလုံးဆိုပေမဲ့
ငါ့အသက်နဲ့  ဘ၀ကြီးတစ်ခုလုံးက
ဒီစကားလုံးနဲ့  တစ်ထပ်တည်း ကျတယ်..................
လမင်းလေးရေ
အချစ်ဟာ လောင်စာပဲဖြစ်စေဦး
ငါ့နှလုံးသား နဲ့  ရင်းပြီး
အလောင်ကျွမ်း ခံဝံ့တယ် ..............
၁၅၀၀ လွင်ပြင်ဟာ
လူသတ်ကွင်းပဲ ဖြစ်ပါစေ
ငါ့ရင်ထဲမှာဘယ်တော့မှ
အင်ကြင်းပန်း တွေ ပွင့်လာမှာမဟုတ်ဘူး .....
လမင်းလေးရေ
တစ်ရေး လန့် အနိုးမှာတောင် ငါညည်းတယ်
"မင်းကို ချစ်တယ်" ........................။