မတောင့်တပဲ
ရွာခဲ့တဲ့မိုးပါ ....
ကောင်းကင် တစ်ခုစာပေါ့
တစ်မိုးတွင်းလုံး အတွက်
ယုံကြည်လို့ 
နှစ်နှစ်ခြိုက်ခြိုက် အစိုခံခဲ့ပြန်တော့
ဟော ... ရုတ်တရက်
တိတ်သွားပြန်ရော
ရင်နင့်အောင်ခံစားခဲ့ရသူပါ ....
ဒါဟာ သဘာဝတရား တစ်ခုလား
တကယ်ဆို ငါဟာ
နှလုံးသား ချစ်ခြင်းမှာ
အပြစ်ကင်းခဲ့သူပါ ....
"လှည့်စားရက်တယ်" လို့ တော့
မဟုတ်ပါဘူး
ငါကိုတိုင်က
မိုးကိုချစ်တဲ့စိတ်နဲ့ 
ယုံကြည်ခဲ့မိတာပါ
အခုတော့လေ .....
အဲဒီမိုးက
အခြားကောင်းကင် တစ်ခုမှာ
ပြောင်းလဲထစ်ခူံးလို့ 
ငါ့နှလုံးသား ကန္တာရထဲ
မိုးတစ်ပေါက်တောင် မခတော့ဘူး ...
ကောင်းကင်မှာတော့ တိမ်ညိုတွေ
မှောင်မဲလို့ နေတုန်းပဲ ....

0 comments:
Post a Comment