အချစ်တဲ့
သူစိမ်းလူနှစ်ယောက်
အကြည့်ချင်းဆုံ ရင်ခုန်ဖို့အရေး
တန်ဆာခံ ဖြစ်သွားရရှာတယ်။

အချစ်တဲ့…
ဘာသာမတူ လူမျိုးကွဲတို့
လက်တွဲလို့ ပျော်ပွဲဝင်ဖို့အရေး
တန်ဆာခံ ဖြစ်သွားရရှာတယ်။

အချစ်တဲ့…
မတူညီတဲ့ လူတန်းစားနှစ်ရပ်
အကြောင်းဆက်လို့ ပေါင်းဖက်ဖို့အရေး
တန်ဆာခံ ဖြစ်သွားရရှာတယ်။

အချစ်တဲ့…
အသေအချာ တွေးမေးဆန်းစစ်ကြည့်တော့
နာမည်ကျော် အဘိဓမ္မာဆရာတွေတောင်
အဓိပ္ပါယ်ပြည့်စုံအောင် မဖွင့်ဆိုနိုင်လို့
လက်လျှော့ပြီး အရှုံးပေးလိုက်ရတယ်...
{မေလေး}
အချစ်ဆုံး သူငယ်ချင်းမလေး မေလေး ၏ ကဗျာကို ခံစားတင်ပြသည်.....။