မိုးကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ
သတိရခြင်းတွေက နှလုံးအိမ်ထက် ယိုဖိတ်လာခဲ့........
ငါ့ရဲ့  သက်ပြင်းချသံတိုင်းမှာ
မင်းကို သတိရခြင်းတွေက နေရာယူလို့ ပေါ့.......
အချစ်ဆုံးရယ် .... ငါ့ရဲ့ 
အတိတ် ပစ္စုပ္ပန် နဲ့  အနာဂတ် ဆိုတဲ့
ကာလသုံးပါးရဲ့  ရှင်သန်ခြင်းတွေမှာ
မင်းရဲ့ နာမည်လေးနဲ့ ပဲ တည်ဆောက်ခွင့်ပြုပါ.....
အမှန်စင်စစ် ... ဝေးကွာခြင်းရဲ့ ဒါဏ်
ငါတကယ်ခံစားဖူးပြီကွဲ့  ...
ဘယ်လိုပဲဖြစ်ဖြစ်ပါ အချစ်ဆုံးရယ် ....
ငါ့ကိုတကယ်မြတ်နိုးနေသေးရင်
မင်းပေးခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်လိုပေါ့
အဝေးဆုံးမှာလည်းနီးကပ်နေပါ
တို့ နှစ်ယောက်
“ ခံစားချက်ခြင်း ထပ်တူကြပြီး
ဘယ်တော့မှမခွဲကြေး ပေါ့ “..............။
0 comments:
Post a Comment