.......................
အဲဒီနေ့ 
နှလုံးသားက စည်းချက် မမှန်
ရင်ခုန်သံတွေမြန်လို့ 
ချန်ထားခဲ့ရမှာတောင် နှမြောတယ်.........။
သူ့ ရဲ့ အပြုံးတစ်ပွင့်
ကြွေအလွင့်မှာ
တစ်ကမ္ဘာလုံးက ပန်းတွေ
ပွင့်ကုန်ပြီထင်ရဲ့ .............။
ငါ နားလည်လိုက်ပါတယ်
သူ့ အပြုံးအောက်မှာ
ငါ့မာနတွေ ကြွေကျမယ်ဆိုတာ
ငါ့အတ္တတွေ မြေခမယ်ဆိုတာ
ငါ့နှလုံးသားက အဖြေပြမယ်ဆိုတာ......။
ဘယ်အချိန်မှာ ဘယ်လိုမုန်းမုန်း
အခုသူ့ အပြုံးမှာ
တစ်ဘ၀လုံးအတွက်
အရှုံးပေးလိုက်ရတယ်.......။
သူ့ ရဲ့ အပြုံးတစ်လွှာဟာ
ငါ့နှလုံးသား ကမ္ဘာမှာ
လမင်းတစ်ရာသာစေမှာကို
အသေအချာသိလိုက်ရတယ်
အဲဒီ နေ့ မှာပေါ့ ..................။
ငါကြောက်တာ တစ်ခုက
သူ့ ရဲ့ အပြုံးအောက်မှာ
အိပ်မက် ပျောက်သူတွေ
ဘယ်လောက်များပြီလဲဆိုတာ .......။
ဒါပေမယ့်လည်းကွယ်
နှလုံးသား ကွဲကြေ
မျက်ရည်တွေ ဝေလည်း
ငါ ဒူးထောက်နေတယ်
သူ့ အပြုံးတွေ အတွက်...................................................။
0 comments:
Post a Comment