ချရေးလို့ မရတဲ့ စကားတွေ
ရင်ထဲမှာ အပြည့် ရှိတယ်
မင်းသာနှလုံးသားနဲ့ ဖတ်မယ်ဆို
ကိုယ့် ရင်ခွင် ဟိုအဆုံးထိ ဖွင့်လို့ ထားလိုက်မယ် ......။
မိုသိပ်ထားရတဲ့ ချစ်ခြင်းတွေ
ကောင်းကင်ကြီးတစ်ခုစာ ရှိတယ်
မင်းသာတန်ဖိုးထားတတ်မယ်ဆိုရင်
မုးမင်းကြီးညို တိမ်တွေလိုငိုလို့ 
အားလုံးကို သွန်ချပစ်လိုက်ချင်ပါရဲ့  ........။
ဘ၀ နဲ့ ရင်းပြီး အချစ်ကိုမှ
လောင်းကြေးထပ်မိတဲ့ ကိုယ်
မကျွမ်းခင်ကပဲ လွမ်းနှင့် နေရမှာလား
(ယုံဖို့ ရာခက်ပေမဲ့)
ကိုယ့်ကိုမှ ချစ်မိတယ် ဆိုတဲ့စကား
နားထောင်ကောင်းအောင်ပဲ မင်းပြောခဲ့လေသလား ......။
မင်းရဲ့  သတင်း မင်းရဲ့  အတင်း
(မယုံချင်လည်း)
တားနေကြတဲ့ စကားတွေရဲ့ ကြား
နားတွေကိုပိတ် မျက်စိတွေလည်းမှိတ်လို့ 
တိတ်တိတ်လေးပဲ ဆုံးဖြတ်မိတယ် .........။
လူ့ ဘ၀ရဲ့ ခဏတာ
မျက်စိတစ်မှိတ် ကာလလေးအတွင်းမှာ
နောင်တတွေနှင့်လည်း မနေလိုပါ
ထားရက်ရင်လည်း နေခဲ့ပါ့မယ်
ချန်ခဲ့ရင်လည်း ကျန်ခဲ့ပါ့မယ်
ဒါပေမယ့်လည်းလေ ...........
တစ်သက်မှာ တစ်ကြိမ်တော့
ကိုယ်သိပ်ချစ်ရတဲ့သူကို
ချစ်တယ်လို့  ပြောခွင့်လေးပဲ ရချင်ပါတယ်ကွယ် ..............................။