မျက်ဝန်းနက်နက်တစ်စုံနဲ့  အကြည့် ချင်းဆုံလေတိုင်း ကိုယ့်ရင်ခုန်သံတွေ ဆူညံနေတာ မင်းတစ်ယောက်သိပါလေစ .........
အရိုးရှင်းဆုံးဝေါဟာရနဲ့  ပြောပါရစေ.......
မင်းကိုကိုယ် (မြတ်မြတ် နိုးနိုး နဲ့ ) သိပ်ချစ်တယ် .....
ကမ္ဘာကျော် ကဗျာဆရာကြီး တဂိုး ကပြောခဲ့ဘူးတယ် .....
ဒုက္ခ နှင့် တစ်ခါကြုံတိုင်း ချစ်သူလက်ကို တစ်ခါကိုင်ပါရစေတဲ့ ....
နူးညံ့အိစက်လှတဲ့ မင်းရဲ့  လက်တစ်စုံ ကိုသာ ကိုင်ခွင့်ရမယ်ဆိုရင်
ဒုက္ခ ဆိုတဲ့အရာနဲ့  ကြိမ်ဖန်များစွာ ကြုံတွေ့ ချင်ပါရဲ့  ........
ကိုယ်မျှော်လင့်ပါရစေ .....
မင်းရင်ထဲက တစ်ခုခု ကိုပေါ့ .................
မျော်လင့်ခြင်းဆိုတာ လမင်းလေးတစ်စင်းဖြစ်ခဲ့ရင် လရောင်လွှမ်းတဲ့ ညတွေကို ကိုယ်တစ်ယောက်ထဲ
ခံစားပါရစေ .....
သိမ်သိမ် မွေ့ မွေ့ လဲ့လဲ့ မှုန်မှုန် လေးပြုံးတတ်တဲ့ မင်းရဲ့ နှုတ်ခမ်းဆွဲဆန့်  ပုံလေးကိုအမြဲ အမှတ်ရနေမယ့် ................ ကိုယ်(လင်းလက်ကြယ်) ............။
0 comments:
Post a Comment