အဲဒီမျက်ဝန်းနက်နက်လေးနဲ့ 
စကားနမိတ်တွေပေးပြီုး
ငါ့စိတ်ကူးလေးကို ပြက္ခဒိန်ထဲ ထည့်ထားခဲ့တာ
အနှစ်နှစ် အလလ.......
ငါက မင်းမသိတဲ့မြတ်နိုးမှုနဲ့ 
အိပ်မက်တွေ ညတာရှည်ခဲ့......
မင်းစိတ်နဲ့ ခါချရင်တောင်
ငါ့ရင်တပြင်လုံး
ဖွေးဖွေးထအောင် ကြွေပြချင်ပါရဲ့  .......
ဒါပေမယ့် ..........
ပစ္စုပ္ပန်တည့်တည့်မှာတော့
သတိရခြင်းတွေသာ ..........