အင်္သချေ

ရွှန်းလဲ့မျက်ဝန်း
ကွေးညွတ်မျက်ခုံး
စွဲမက်ဖွယ် အပြုံးဟာ
ကိုယ့်ရဲ့ ရင်ထဲ
အမြစ်တွယ်နေပြီ ....
ဖွင့်မပြောရဲ
အသည်းငယ်စွာ
ကြိတ်မှိတ်ခံစား
အိပ်ပျက်ညများ
မှတ်ထားလို့  တောင်
မရတော့ပါဘူး ...
အလိုလျှောက်သာ
နားလည်ပေးပါ
သခင်ရယ် ........

ဒီဇင်ဘာ

ထွက်ခွာသွားမှာလား....
ဝင်ရောက်လာမှာလား....
ငါကြောက်တယ်...။
အစပြုခြင်းတွေ
ဆုံးရှုံးရခြင်းတွေ
ငိုကြွေးရခြင်းတွေ
ဒါဟာ.....
ဒီဇင်ဘာပဲ........။

ရင်ခွင်ဖြို ..... မိုး

မတောင့်တပဲ
ရွာခဲ့တဲ့မိုးပါ ....
ကောင်းကင် တစ်ခုစာပေါ့
တစ်မိုးတွင်းလုံး အတွက်
ယုံကြည်လို့ 
နှစ်နှစ်ခြိုက်ခြိုက် အစိုခံခဲ့ပြန်တော့
ဟော ... ရုတ်တရက်
တိတ်သွားပြန်ရော
ရင်နင့်အောင်ခံစားခဲ့ရသူပါ ....
ဒါဟာ သဘာဝတရား တစ်ခုလား
တကယ်ဆို ငါဟာ
နှလုံးသား ချစ်ခြင်းမှာ
အပြစ်ကင်းခဲ့သူပါ ....
"လှည့်စားရက်တယ်" လို့ တော့
မဟုတ်ပါဘူး
ငါကိုတိုင်က
မိုးကိုချစ်တဲ့စိတ်နဲ့ 
ယုံကြည်ခဲ့မိတာပါ
အခုတော့လေ .....
အဲဒီမိုးက
အခြားကောင်းကင် တစ်ခုမှာ
ပြောင်းလဲထစ်ခူံးလို့ 
ငါ့နှလုံးသား ကန္တာရထဲ
မိုးတစ်ပေါက်တောင် မခတော့ဘူး ...
ကောင်းကင်မှာတော့ တိမ်ညိုတွေ
မှောင်မဲလို့ နေတုန်းပဲ ....

တမ်းတခြင်း

အာရုံတစ်ပါး
အခြားမလွင့်
စိတ်ဆင့်ခန္စာ
"မင်း"ဆီမှာရောက်
နေပျောက်နေထွက်
နေ့ ရက်ဆက်တိုင်း
ရင်လှိုင်းခတ်ဝေ
ခုန်နေနှလုံး
မပြတ်သုံးကာ
"မင်း"ကိုသာလျှင်
တမ်းတချင်..........

အချစ်တံတားသို့ 

အနီရောင် ညနေခင်းမှာ
ထာဝရဆုံရပ်ဖြစ်ပြီး
မြင့်မားတဲ့ ကျောက်ထရံ နှစ်ခုကြားက
ရှေ့းကျောက်တုန်း ဖြစ်တဲ့
အချစ်တံတားဆီသို့ 
ကိုယ့်နှလုံးသားနဲ့  ကိုယ်လာခဲ့တယ်.....။
ကိုယ့်အချစ်ဟာ
အမြဲတမ်းဖြတ်စီးသွားပြီး မလှည့်ဖျားတဲ့
အမြဲတမ်းဖြတ်စီးသွားပြီး မပြောင်းလဲတဲ့
အမြဲတမ်းဖြတ်စီးသွားပြီး မပြီးဆုံးတဲ့ ရေပါ .............။
(JUAN RAMON JIMENEZ)
ရာသီစက်ဝန်းက တစ်ပတ် လည်သည့်ချိန်တိုင်
မပျက်ပြယ်နိုင်တဲ့ အနာတရ တစ်ခုနှင့်
အခုရွာကျလာမယ့်မိုးစက်တွေ အောက်မှာ
ခွဲခွာခဲ့ဖူးသော မိုး တစ်ရက်စာ ဒဏ်ရာစစ်စစ်တွေကို
မဖြစ်မနေ ကြိုဆိုရတော့မယ်....။
တကယ်ဆို .....
ပြိုမလို တိမ်ရိပ်တွေ အောက်က မိုးပေါက်တွေကြားမှာ
လွင့်ပါးခဲ့ဖူးတဲ့ “မိုးသီချင်း“ သံတွေရယ်.....
တိုးညင်းတဲ့ မိုးသက်လေပြည်ရယ်.........
ပြိုးပြက်တဲ့ လျှပ်စီး အလက်ရယ်ကိုမှ
ချစ်မက်ခဲ့သူ တစ်ယောက်ဘ၀ပါ.........။
ထီး တစ်လက်ရဲ့  အကွယ်အကာ မရှိလည်း
(မိုးကိုသိပ်ချစ်တဲ့)ကောင်လေး တစ်ယောက် အတွက်
မငဲ့ကွက်တတ်တဲ့ ကံကြမ္မာက
“ခွဲခွာခြင်း အမှတ်တရ“ ဆိုတာကို
မိုးစက်တွေ မကင်းကွာတဲ့
(ဒီလိုမိုး) အောက်တိုဘာလ တစ်ရက်မှာ
(ဘာဖြစ်လို့ များ)ရက်စက်စွာ သတ်မှတ်ခဲ့ရတာလဲကွာ....။
မနှစ်က .....
အောက်တိုဘာလ တတိယ အပတ်မှာ
အမှတ်တရ သက်သက် အတွက်
ရက်ရက်စက်စက် ရွာသွန်းဖြိုးခဲ့လေသလား မိုးရယ် .....။
အခုတော့လည်းလေ
တိုးတိုးလေး ကွဲအက်နေသူ တစ်ယောက်ရင်မှာ
မိုးစက်တစ်ပေါက် စဉ်တာတောင်
နောင်ကြဉ်အောင် နာတတ်ခဲ့ပြီမို့ 
တမင် မကြံဆောင်ခဲ့တဲ့ မိုးဆိုပေမယ့်
နောက်တစ်ခါ အောက်တိုဘာ မိုးကို
ငါ...ဘယ်လိုကြိုဆိုရမှာလဲ မိုးရယ်..........။

ဆန္ဒ

ချစ်သူ ...
အဝေးကနေပြီး
နမ်းခွင့်မရှိတောင်
လွမ်းခွင့်တော့ရချင်တယ် .....
အတူစကားပြောခွင့်မရတောင်
အိပ်မက်ထဲတော့
ငါ့ကိုခဏလာတွေ့ ပါ
ပြောစရာတွေ များနေလို့  .......

သူသိပါစေ

ခွင့်လွှတ်တယ်
အနစ်နာခံတယ်
စွန့် လွှတ်ဝံ့တယ်
နားလည်ပေးနိုင်တယ်
ဒါပေမယ့် .......
နှလုံးသားနဲ့ ရင်းရတဲ့ အရာတွေချည်းပါပဲ
ဒါကို .... မင်းသိတတ်ရင်
တန်ဖိုးထားပါလို့ ပဲပြောပါရစေ .......

ညီမျှခြင်း

online အချစ်ဆိုတာ
ချစ်သူတွေထဲမှာ..
မရေမရာ..မသေချာတဲ့...အချစ်မျိုးပါ

ပေါင်းစပ်ဖို့ ဆိုတာထက်
ဝေးကွာဖို့ အဖြစ်နိုင်ဆုံးပါ.....

မျှော်လင့်ချက်တစ်ခုက
ဆုံနိုင်ခွင့်ဆိုတဲ့..ဘယ်တော့မှန်း မသိတဲ့
အချိန်တွေကိုပါ......

မျှော်လင့်ချက်တွေ
ဆက်လက်ရှင်သန်နေဖို့ .ငါ့အတွက်
မင်းအချစ်တစ်ခုထဲ လိုတာပါ.....

ရင်ခုန်သံတွေထပ်တူကြလို့ 
ချစ်မိခဲ့ပြီဆိုရင်..
အဲရင်ခုန်သံလေးတွေကို..
ငါတို့ နှစ်ယောက်ရဲ့ 
မပြောင်းလဲတော့မဲ့
အချစ်နဲ့  ထာဝရရှင်သန်စေမယ်လေ.....

ချစ်သူရေ..
ဘယ်လိုလဲ..ခံစားချက်တွေတူနေပြီဆိုရင်..
မခွဲတော့ကြေးနော်.......



ကိုရေဖြစ်နိုင်မယ်ဆိုရင်..ထာဝရထက်တစ်ရက်ပိုပြီး ..ချစ်ခွင့်ရချင်တယ်
{ထော်လေး}
အချစ်ဆုံး ချစ်သူလေး ထော်လေးရဲ့ ကဗျာကို ခံစားတင်ပြပါသည်

အချစ်ဆုံးသို့ 

မိုးကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ
သတိရခြင်းတွေက နှလုံးအိမ်ထက် ယိုဖိတ်လာခဲ့........
ငါ့ရဲ့  သက်ပြင်းချသံတိုင်းမှာ
မင်းကို သတိရခြင်းတွေက နေရာယူလို့ ပေါ့.......
အချစ်ဆုံးရယ် .... ငါ့ရဲ့ 
အတိတ် ပစ္စုပ္ပန် နဲ့  အနာဂတ် ဆိုတဲ့
ကာလသုံးပါးရဲ့  ရှင်သန်ခြင်းတွေမှာ
မင်းရဲ့ နာမည်လေးနဲ့ ပဲ တည်ဆောက်ခွင့်ပြုပါ.....
အမှန်စင်စစ် ... ဝေးကွာခြင်းရဲ့ ဒါဏ်
ငါတကယ်ခံစားဖူးပြီကွဲ့  ...
ဘယ်လိုပဲဖြစ်ဖြစ်ပါ အချစ်ဆုံးရယ် ....
ငါ့ကိုတကယ်မြတ်နိုးနေသေးရင်
မင်းပေးခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်လိုပေါ့
အဝေးဆုံးမှာလည်းနီးကပ်နေပါ
တို့ နှစ်ယောက်
“ ခံစားချက်ခြင်း ထပ်တူကြပြီး
ဘယ်တော့မှမခွဲကြေး ပေါ့ “..............။

အချစ်ဆိုသောအရာ

အချစ်တဲ့
သူစိမ်းလူနှစ်ယောက်
အကြည့်ချင်းဆုံ ရင်ခုန်ဖို့အရေး
တန်ဆာခံ ဖြစ်သွားရရှာတယ်။

အချစ်တဲ့…
ဘာသာမတူ လူမျိုးကွဲတို့
လက်တွဲလို့ ပျော်ပွဲဝင်ဖို့အရေး
တန်ဆာခံ ဖြစ်သွားရရှာတယ်။

အချစ်တဲ့…
မတူညီတဲ့ လူတန်းစားနှစ်ရပ်
အကြောင်းဆက်လို့ ပေါင်းဖက်ဖို့အရေး
တန်ဆာခံ ဖြစ်သွားရရှာတယ်။

အချစ်တဲ့…
အသေအချာ တွေးမေးဆန်းစစ်ကြည့်တော့
နာမည်ကျော် အဘိဓမ္မာဆရာတွေတောင်
အဓိပ္ပါယ်ပြည့်စုံအောင် မဖွင့်ဆိုနိုင်လို့
လက်လျှော့ပြီး အရှုံးပေးလိုက်ရတယ်...
{မေလေး}
အချစ်ဆုံး သူငယ်ချင်းမလေး မေလေး ၏ ကဗျာကို ခံစားတင်ပြသည်.....။
ငယ်ကပေါင်းတော့ ရောင်းရင်း
ကြီးမှပေါင်းတော့ မိတ်ဆွေ
ဒီနှစ်မိုးကွာခြားလေစွ .......
သို့ ပေမယ့်လည်း
ကြီးမှပေါင်းပေမယ့်
ရောင်းရင်းတွေအတိုင်း
စချင်တိုင်းစ
မနာကျင်ကြေး ....
ခင်မင်လေစွ
မောင်ရင်းနှမ အသွင်
ပျော်ရွှင်စေရတာ
ငါ့တို့ chat တဲ့ BC မှာ ............။
{BC chatroom မှ မောင်နှမ အားလုံးသို့ }
လမင်းလေးရေ
အသည်းမှာစွဲနေတဲ့မျှားချက်က
ဘယ်သူမှမသိဘူး
ငါ့ကိုရူးသွားစေခဲ့တာ ............
လမင်းလေးရေ
"မင်းကို ငါ ချစ်တယ်"
ရာစုနှစ်ပေါင်းများစွာကတည်းက
အခုထိ မရိုးနိုင်တဲ့ စကားလုံးဆိုပေမဲ့
ငါ့အသက်နဲ့  ဘ၀ကြီးတစ်ခုလုံးက
ဒီစကားလုံးနဲ့  တစ်ထပ်တည်း ကျတယ်..................
လမင်းလေးရေ
အချစ်ဟာ လောင်စာပဲဖြစ်စေဦး
ငါ့နှလုံးသား နဲ့  ရင်းပြီး
အလောင်ကျွမ်း ခံဝံ့တယ် ..............
၁၅၀၀ လွင်ပြင်ဟာ
လူသတ်ကွင်းပဲ ဖြစ်ပါစေ
ငါ့ရင်ထဲမှာဘယ်တော့မှ
အင်ကြင်းပန်း တွေ ပွင့်လာမှာမဟုတ်ဘူး .....
လမင်းလေးရေ
တစ်ရေး လန့် အနိုးမှာတောင် ငါညည်းတယ်
"မင်းကို ချစ်တယ်" ........................။
မျက်ဝန်းနက်နက်တစ်စုံနဲ့  အကြည့် ချင်းဆုံလေတိုင်း ကိုယ့်ရင်ခုန်သံတွေ ဆူညံနေတာ မင်းတစ်ယောက်သိပါလေစ .........
အရိုးရှင်းဆုံးဝေါဟာရနဲ့  ပြောပါရစေ.......
မင်းကိုကိုယ် (မြတ်မြတ် နိုးနိုး နဲ့ ) သိပ်ချစ်တယ် .....
ကမ္ဘာကျော် ကဗျာဆရာကြီး တဂိုး ကပြောခဲ့ဘူးတယ် .....
ဒုက္ခ နှင့် တစ်ခါကြုံတိုင်း ချစ်သူလက်ကို တစ်ခါကိုင်ပါရစေတဲ့ ....
နူးညံ့အိစက်လှတဲ့ မင်းရဲ့  လက်တစ်စုံ ကိုသာ ကိုင်ခွင့်ရမယ်ဆိုရင်
ဒုက္ခ ဆိုတဲ့အရာနဲ့  ကြိမ်ဖန်များစွာ ကြုံတွေ့ ချင်ပါရဲ့  ........
ကိုယ်မျှော်လင့်ပါရစေ .....
မင်းရင်ထဲက တစ်ခုခု ကိုပေါ့ .................
မျော်လင့်ခြင်းဆိုတာ လမင်းလေးတစ်စင်းဖြစ်ခဲ့ရင် လရောင်လွှမ်းတဲ့ ညတွေကို ကိုယ်တစ်ယောက်ထဲ
ခံစားပါရစေ .....
သိမ်သိမ် မွေ့ မွေ့ လဲ့လဲ့ မှုန်မှုန် လေးပြုံးတတ်တဲ့ မင်းရဲ့ နှုတ်ခမ်းဆွဲဆန့်  ပုံလေးကိုအမြဲ အမှတ်ရနေမယ့် ................ ကိုယ်(လင်းလက်ကြယ်) ............။

ချစ်သူဖတ်ဖို့  ......စာ

ချရေးလို့ မရတဲ့ စကားတွေ
ရင်ထဲမှာ အပြည့် ရှိတယ်
မင်းသာနှလုံးသားနဲ့ ဖတ်မယ်ဆို
ကိုယ့် ရင်ခွင် ဟိုအဆုံးထိ ဖွင့်လို့ ထားလိုက်မယ် ......။
မိုသိပ်ထားရတဲ့ ချစ်ခြင်းတွေ
ကောင်းကင်ကြီးတစ်ခုစာ ရှိတယ်
မင်းသာတန်ဖိုးထားတတ်မယ်ဆိုရင်
မုးမင်းကြီးညို တိမ်တွေလိုငိုလို့ 
အားလုံးကို သွန်ချပစ်လိုက်ချင်ပါရဲ့  ........။
ဘ၀ နဲ့ ရင်းပြီး အချစ်ကိုမှ
လောင်းကြေးထပ်မိတဲ့ ကိုယ်
မကျွမ်းခင်ကပဲ လွမ်းနှင့် နေရမှာလား
(ယုံဖို့ ရာခက်ပေမဲ့)
ကိုယ့်ကိုမှ ချစ်မိတယ် ဆိုတဲ့စကား
နားထောင်ကောင်းအောင်ပဲ မင်းပြောခဲ့လေသလား ......။
မင်းရဲ့  သတင်း မင်းရဲ့  အတင်း
(မယုံချင်လည်း)
တားနေကြတဲ့ စကားတွေရဲ့ ကြား
နားတွေကိုပိတ် မျက်စိတွေလည်းမှိတ်လို့ 
တိတ်တိတ်လေးပဲ ဆုံးဖြတ်မိတယ် .........။
လူ့ ဘ၀ရဲ့ ခဏတာ
မျက်စိတစ်မှိတ် ကာလလေးအတွင်းမှာ
နောင်တတွေနှင့်လည်း မနေလိုပါ
ထားရက်ရင်လည်း နေခဲ့ပါ့မယ်
ချန်ခဲ့ရင်လည်း ကျန်ခဲ့ပါ့မယ်
ဒါပေမယ့်လည်းလေ ...........
တစ်သက်မှာ တစ်ကြိမ်တော့
ကိုယ်သိပ်ချစ်ရတဲ့သူကို
ချစ်တယ်လို့  ပြောခွင့်လေးပဲ ရချင်ပါတယ်ကွယ် ..............................။

" ဘ၀ "

ဘကုန်းရေ”ဘ”
ဝလုံးရေ “၀” ဆိုတဲ့
ရိုးရှင်းတဲ့ စာလုံးနှစ်လုံးကြား
ရှုပ်နေတဲ့ ဒီ “ဘ၀”
ဇတ်ခုံတစ်ခုံရဲ့
တစ်နေရာမှာ…………..။
“က” နေတဲ့မင်းသားတစ်လက်
ဇတ်ညွှန်းမရှိ စာမသိ
ဘာလဲမသိပေမယ့် ……….. ။
လက်ရှိ “က” ရမယ့်
“က”ကွက် တစ် ကွက် အတွက်
ပရိသတ် လက်ခုတ်တီးအောင်
“က” ဖို့ ကြိုးစားရဦးမှာပဲ …………ဒါ…………….
ဘကုန်းနဲ့ ၀လုံးပဲ…….
{ ဝေမင်း }
( သူငယ်ချင်း ဝေမင်း ၏ အနှစ်သက်ဆုံး ကဗျာလေး တပုဒ်ပါ )


အိမ်ပြန်ချိန်

ရင်ထဲမှာ နာကျင်လွန်းလို့ 
စကားတစ်ခွန်းတောင်မပြောချင်ဘူး .....။
"ကျန်းမာရေး ကို ဂရုစိုက်"
"သတိရရင် စာရေးနော်" တဲ့ ...............။
မင်းပြောခဲ့တဲ့စကား
ငါခုထိ ကြားယောင်ဆဲပါ ......................။
မျက်ရည်ကြားက
အပြုံးတစ်ခုနဲ့ 
ငါနှုတ်ဆက်လိုက်တယ် ......................။
ချစ်သူရယ် .........
အချိန်တန်ရင် တို့ ပြန်ဆုံမယ် ..............။

အဆိပ်သင့်ပျားရည်

.......................
အဲဒီနေ့ 
နှလုံးသားက စည်းချက် မမှန်
ရင်ခုန်သံတွေမြန်လို့ 
ချန်ထားခဲ့ရမှာတောင် နှမြောတယ်.........။
သူ့ ရဲ့ အပြုံးတစ်ပွင့်
ကြွေအလွင့်မှာ
တစ်ကမ္ဘာလုံးက ပန်းတွေ
ပွင့်ကုန်ပြီထင်ရဲ့ .............။
ငါ နားလည်လိုက်ပါတယ်
သူ့ အပြုံးအောက်မှာ
ငါ့မာနတွေ ကြွေကျမယ်ဆိုတာ
ငါ့အတ္တတွေ မြေခမယ်ဆိုတာ
ငါ့နှလုံးသားက အဖြေပြမယ်ဆိုတာ......။
ဘယ်အချိန်မှာ ဘယ်လိုမုန်းမုန်း
အခုသူ့ အပြုံးမှာ
တစ်ဘ၀လုံးအတွက်
အရှုံးပေးလိုက်ရတယ်.......။
သူ့ ရဲ့ အပြုံးတစ်လွှာဟာ
ငါ့နှလုံးသား ကမ္ဘာမှာ
လမင်းတစ်ရာသာစေမှာကို
အသေအချာသိလိုက်ရတယ်
အဲဒီ နေ့ မှာပေါ့ ..................။
ငါကြောက်တာ တစ်ခုက
သူ့ ရဲ့ အပြုံးအောက်မှာ
အိပ်မက် ပျောက်သူတွေ
ဘယ်လောက်များပြီလဲဆိုတာ .......။
ဒါပေမယ့်လည်းကွယ်
နှလုံးသား ကွဲကြေ
မျက်ရည်တွေ ဝေလည်း
ငါ ဒူးထောက်နေတယ်
သူ့ အပြုံးတွေ အတွက်...................................................။

အချစ်ဆိုတာ

အဲဒီမျက်ဝန်းနက်နက်လေးနဲ့ 
စကားနမိတ်တွေပေးပြီုး
ငါ့စိတ်ကူးလေးကို ပြက္ခဒိန်ထဲ ထည့်ထားခဲ့တာ
အနှစ်နှစ် အလလ.......
ငါက မင်းမသိတဲ့မြတ်နိုးမှုနဲ့ 
အိပ်မက်တွေ ညတာရှည်ခဲ့......
မင်းစိတ်နဲ့ ခါချရင်တောင်
ငါ့ရင်တပြင်လုံး
ဖွေးဖွေးထအောင် ကြွေပြချင်ပါရဲ့  .......
ဒါပေမယ့် ..........
ပစ္စုပ္ပန်တည့်တည့်မှာတော့
သတိရခြင်းတွေသာ ..........

ကျေးဇူးတင်ခြင်း

ကျွန်တော်ရဲ့  ဒီဘလောက်ခ် လေး ဖြစ်မြောက်အောင် အဘက်ဘက် က ၀ိုင်းဝန်းခေါင်းစားပြီး တစ်ရက်တစ်ည ဒုက္ခ ခံပြီးလုပ်ပေးခဲ့သော အချစ်ဆုံးသူငယ်ချင်းများဖြစ်ကြသော ဝေမင်း(malaysia) ,အကြံဥာဏ်များပေးခဲ့သော အချစ်ဆုံးကြီး မိုးဇက်(U.S.A) ,အလုပ်မအားသည့် ကြားမှ ကဗျာများရေးသားပေးခဲ့သော အချစ်ဆုံးသူငယ်ချင်း Candy(UK) , အချစ်ဆုံးသူငယ်ချင်းမလေး မေလေး(DUBAI) တို့ အား ကျေးဇူးအထူးတင်ရှိပါကြောင်း........................

“ အုံ့ ပုန်းချစ် “

ကိုယ့်နှလုံးသားဟာ
မြုံထားပါများလို့  ပုတ်ကြွေသွားတဲ့
ရက်လွန်သစ်သီးလေး တစ်လုံးပါ .......
ဝတ်မှုန်လေးက
ကိုယ့်ဘ၀ထက် မတရားလှပတယ်
မခူးရဲဘူး ရူးပဲနေမိတယ်..................

နောင်တ

ဆယ်ကျော်သက်ရွယ်ငယ်စဉ်ကပေါ့
အတွေးနယ်ချဲ့ကာ အနာဂတ်ရေး
ကြိုတင်တွေးကာအိမ်မက်နွံ့ထဲနစ်မြောမိတယ်
ငါကြီးရင်ပေါ့..အောင်မြင်ကျော်ကြား
လူတိုင်းသိတဲ့ philosopher ကြီးဖြစ်ရမယ်ဟဲ့။
အရွယ်ရောက်လာ...ကိုယ့်ဝမ်းကိုယ်ကျောင်း
မလွယ်တဲ့ဘ၀ကို ခုမှသိရှိ
နောင်တရမိ..
မလွယ်လိုက်တဲ့လူလုပ်ရတဲ့ကိုယ့်အဖြစ်...............။
{Candy}
(သူငယ်ချင်း Candy ၏ကဗျာလေးအား ခံစားတင်ပြသည်)

ဆုတောင်း

ဒီလောက ကြီးမှာ
လူရယ်လို့ဖြစ်လာ
ချစ်တတ်လာကတည်းကအလိမ်ညာနဲ့တိုးခဲ့
စိုးလိုက်ငါ့အဖြစ်
ဘယ်ဘ၀ ဘယ်ဝဠ်ကြွေးလဲ။
အညိုးရယ်ကျေပါစေကြောင်း
တောင်းဆုချွေကာ ဆုတောင်းပါ၏......။
{candy}
(သူငယ်ချင်း candy ၏ကဗျာလေးအား ခံစားတင်ပြသည်)

နှုတ်ဆက်ခြင်း

လှမ်းယူလို့ ဖေးကူ
ကျွမ်းဝင်သူ ကိုယ့်အတွက်
မင်းရဲ့ နှလုံးသား
အခြားသူအပ်နှံခဲ့သူမို့ 
မချင့်မရဲကျောခိုင်း........
ရပ်တန်းကရပ်ခဲ့သူ
ဇောချွေးတွေ မထွက်ခင်မှာ
ထားခဲ့ပါကွာ.........
မ၀ံ့မရဲနှုတ်ဆက်ခဲ့ပြီမို့ 
ရင်မှာငိုနေ အသည်းပျက်သုန်း
ကမ္ဘာဆုံးတိုင်ကွယ် ............

လင်းလက်ကြယ်

မိုးမြင့်ဝေယံ ကောင်းကင်ထက်က
အမှောင်ကိုခွင်း အလင်းရောင်ပေးသည့်
ဖြူစင်လွှလွှ ကြယ်စင်လားသို့
ရုန်းကန်လှုပ်ရှား လူသားတို့အား
စွမ်းနိုင်သရွေ့ အနုပညာဖြင့်
လောကီအမှောင်ခွင်း အလင်းပေးမည့်
လင်းလက်ကြယ် ဘလောခ့်လေး
ထွက်ပေါ်လို့လာခဲ့ချေပြီ...........
{ မေလေး }
သူငယ်ချင်း မေလေး မှ ဘလောက်(ခ်) အတွက် အမှတ်တရ.........