ရွှန်းလဲ့မျက်ဝန်း
ကွေးညွတ်မျက်ခုံး
စွဲမက်ဖွယ် အပြုံးဟာ
ကိုယ့်ရဲ့ ရင်ထဲ
အမြစ်တွယ်နေပြီ ....
ဖွင့်မပြောရဲ
အသည်းငယ်စွာ
ကြိတ်မှိတ်ခံစား
အိပ်ပျက်ညများ
မှတ်ထားလို့  တောင်
မရတော့ပါဘူး ...
အလိုလျှောက်သာ
နားလည်ပေးပါ
သခင်ရယ် ........