ကမ္ဘာဦးအစက ချစ်သူနှစ်ဦးဟာ
မင်းနဲ့ ငါဖြစ်ခဲ့ရင်
ငါဘာကိုမှမမှတွေးပဲ မင်းရင်ခွင်ထဲကို
ပြေးလာမှာပါ ချစ်သူ……
ကမ္ဘာပျက်ခါနီး မီးလျှံထဲက ချစ်သူနှစ်ဦးဟာ
မင်းနဲ့ ငါဖြစ်ခဲ့ရင်
ငါဘာကိုမှမမှု့ ပဲ မင်းရဲ့ လက်ကို
ရဲရဲတွဲထားမှာပါ ချစ်သူ……
ဒါပေမဲ့ ချစ်သူရယ်
ခုရင်ဆိုင်နေတာကလက်တွေ့ ဘ၀လေ…
တို့နှစ်ယောက်ကြားအဆီးအတားတွေ
လိုရာစေခိုင်းတဲ့
မိဘအသိုင်းအ၀ိုင်းတွေကြောင့်
မိုင်ပေါင်းများစွာဝေးကွာနေတဲ့
ချစ်သူနဲ့ ပြန်ဆုံတဲ့ခဏ
ငါ့စိတ်ကူးတွေရင်မှာနင့်
ပြုံးပြခွင့်တောင်မရခဲ့ပါလား ချစ်သူရယ်………..