ပျော်စရာဆိုလို့ ရယ်စရာတစ်ခါမှမရှိခဲ့တဲ့
ငါ့ဘ၀မှာ ဘယ်အရာမှအရေးမပါခဲ့ပါဘူး
ပျမ်းမျှသက်တမ်း သုံးပုံတစ်ပုံကျော်လောက်မှာ
ငါ့ရင်ထဲကို အရှိန်ပြင်းတဲ့မြစ်တစ်စင်း
စီးဝင်ခဲ့ပါတယ်……..။။
ငါပိုင်ကမ္ဘာလေးထဲမှာ သူရယ်ငါရယ်အပိုမပါပဲ
မရေမရာမသေမချာ ပျော်ခဲ့ကြတာပေါ့
အရာတစ်ခု ကွဲအက်သွားခဲ့ရင်တောင်
‘’အသံ’’အရသာလေးသိရပေမယ့်
ငါ့နှလုံးသား ကွဲအက်သွားတာကိုတော့
သူ ဘာအရသာမှ မခံစားလိုက်ရဘူးတဲ့………။။
နောက်ဆုံးတော့ ကျွန်တော်သိလိုက်ပါတယ်
သူဆိုတဲ့ မြစ်တစ်စင်းဆိုတာ
ကျွန်တော်ရဲ့ ရင်ဘတ်အတွင်းသို့
စီးဝင်ခဲ့ခြင်းမဟုတ်ပဲ
မြစ်ဖျားခံသွားခဲ့တာပါ………..။။
ဘယ်အရပ်ဘယ်ဒေသမှာ သူစီးဝင်မည်ဆိုတာ
ကျွန်တော်သိလိမ့်မည် မဟုတ်ပါ…….
***အသင်တို့ ရင်ထဲကိုကော မြစ်တစ်စင်းဆိုတဲ့သူ
စီးဝင်ခဲ့ဖူးပါသလား သို့တည်းမဟုတ်
မြစ်ဖျားခံခဲ့ဖူးပါ၏လော…..။။

0 comments:
Post a Comment