ကမ္ဘာဦးအစက ချစ်သူနှစ်ဦးဟာ
မင်းနဲ့ ငါဖြစ်ခဲ့ရင်
ငါဘာကိုမှမမှတွေးပဲ မင်းရင်ခွင်ထဲကို
ပြေးလာမှာပါ ချစ်သူ……
ကမ္ဘာပျက်ခါနီး မီးလျှံထဲက ချစ်သူနှစ်ဦးဟာ
မင်းနဲ့ ငါဖြစ်ခဲ့ရင်
ငါဘာကိုမှမမှု့ ပဲ မင်းရဲ့ လက်ကို
ရဲရဲတွဲထားမှာပါ ချစ်သူ……
ဒါပေမဲ့ ချစ်သူရယ်
ခုရင်ဆိုင်နေတာကလက်တွေ့ ဘ၀လေ…
တို့နှစ်ယောက်ကြားအဆီးအတားတွေ
လိုရာစေခိုင်းတဲ့
မိဘအသိုင်းအ၀ိုင်းတွေကြောင့်
မိုင်ပေါင်းများစွာဝေးကွာနေတဲ့
ချစ်သူနဲ့ ပြန်ဆုံတဲ့ခဏ
ငါ့စိတ်ကူးတွေရင်မှာနင့်
ပြုံးပြခွင့်တောင်မရခဲ့ပါလား ချစ်သူရယ်………..

ကဗျာတစ်ပုဒ်ရဲ့ ရာဇ၀င်


ဆိတ်ငြိမ်တဲ့ချစ်ခြင်းအသံများနဲ့
ငြင်သာစွာစီးဆင်းနေတဲ့
ငါ့ခံစားချက် စမ်းချောင်းလေး
အနာဂါတ်ကိုပုံဖော်ရင်း
ပန်ချီကားလေးတစ်ချပ်ဆွဲဖို့
ကြည်နူးခြင်းတစ်ချို့ က
စုတ်တံကိုင်နေကြတုန်းလေ……
ဘယ်လိုမှကိုမျော်လင့်မထားခဲ့ဘူး
တကယ်ကိုပါ…………
ရုတ်တရက်ကြီး ၀င်ပြီးမွှေနှောက်သွားခဲ့တာ
မင်းစကားလုံးတွေ……….
ပြင်းထန်လွန်းတယ်ကွာ…
နည်းနည်းလေးတောင် ပြင်ဆင်ချိန်မရခဲ့ဘူး
အလဲလဲ အပြိုပြိုပဲ……
မင်းအောင်ပွဲခံနေချိန်
ငါ့ရင်ထဲမှာဗြောင်းဆန်နေပြီကွ
ချစ်သူရ………….
ဇောက်နက်နက်ကိုစီးကျသွားတဲ့
ကြေကွဲမှုတွေရဲ အော်ဟစ်သံတွေက
ငါ့ရင်တွင်းနံရံမှာ ပဲ့တင်ထပ်နေကြတုန်း
နှလုံးသားမျက်နှာကျက်ကို
ဖောက်ထွက်နေကြတဲ့
သတိရခြင်း တမ်းတခြင်းတွေက
လွန်းတွေ လွှတွေဆွဲနေကြပြီ
ရင်အတွင်းဆုံးထိ
တစ်စတစ်စတိုးဝင်နေတဲ့
နာကြည်းမှုအပိုင်းအစတွေကို ပုံပြောင်းဖို့
ဖြူစင်မှုကို သက်သေလိုက်ဖော်နေတဲ့
ငါ့သစ္စာတရားက
နာကျင်မှုတွေကို ထိုးပိတ်သိပ်ပြီး
စကားလုံးတွေအဖြစ် ပုံဖော်နေလေရဲ့ 
ငါ့ချစ်ခြင်းကတော့
ရင်ခွင်ရဲ့ အတွင်းဆုံးကနေ
တစ်စတစ်စ ဆွဲထုတ်နေတယ်လေ…….
အဲဒါ..မင်းဖတ်နေတဲ့ ကဗျာပဲပေါ့…………

ချစ်သူ အတွက်၂


ချစ်သူကို ...စိတ်ဆိုးလို့
ပြောမိလိုက်တဲ့စကား
စက္ကန့်မခြားခင်တောင်
နောင်တရနေမိတယ်။

ချစ်သူကို ...ချစ်လွန်းလို့
ခုန်နေတဲ့နှလုံးသား
ကမ္ဘာဆုံးရင်တောင်
သူမပျက်သုန်းနိုင်ဘူးတဲ့လေ....။
( သူငယ်ချင်း မေလေးရဲ့  ကဗျာလေးပါ)

ချစ်သူနေရာ


အရင်တုန်းကပေါ့ …

နှလုံးသားဆိုတာ

အသက်ရှုဖို့ အတွက်

ရှင်သန်မှု တစ်ခုတည်း အတွက်လို့

သိထားခဲ့တာ။

အခုများတော့ ..

ချစ်သူအတွက် နေရာပေး

နှလုံးသားကို စတေးလို့

အသက်ရှုဖို့ ဆိုတာကို မေ့နေတယ်။

ချစ်သူအတွက်


ချစ်သူကို … လွမ်းလို့

ငိုမိတဲ့စိတ်

အိပ်မက်ထဲမှာတောင်

ရှိုက်နေမိတယ်။

ချစ်သူကို … မျှော်မှန်းလို့

တမ်းတတဲ့စိတ်

တရေးနိုးရင်တောင်

ယောင်ယမ်းပြီး ခေါ်နေမိတယ်။

ချစ်သူကို … မြတ်နိုးလို့

တွယ်တာမိတဲ့စိတ်

နည်းနည်းလေးမှ လျော့မသွားနိုင်လောက်အောင်

ခိုင်မြဲနေတယ်။

မြစ်တစင်း


ပျော်စရာဆိုလို့ ရယ်စရာတစ်ခါမှမရှိခဲ့တဲ့
ငါ့ဘ၀မှာ ဘယ်အရာမှအရေးမပါခဲ့ပါဘူး
ပျမ်းမျှသက်တမ်း သုံးပုံတစ်ပုံကျော်လောက်မှာ
ငါ့ရင်ထဲကို အရှိန်ပြင်းတဲ့မြစ်တစ်စင်း
စီးဝင်ခဲ့ပါတယ်……..။။
ငါပိုင်ကမ္ဘာလေးထဲမှာ သူရယ်ငါရယ်အပိုမပါပဲ
မရေမရာမသေမချာ ပျော်ခဲ့ကြတာပေါ့
အရာတစ်ခု ကွဲအက်သွားခဲ့ရင်တောင်
‘’အသံ’’အရသာလေးသိရပေမယ့်
ငါ့နှလုံးသား ကွဲအက်သွားတာကိုတော့
သူ ဘာအရသာမှ မခံစားလိုက်ရဘူးတဲ့………။။
နောက်ဆုံးတော့ ကျွန်တော်သိလိုက်ပါတယ်
သူဆိုတဲ့ မြစ်တစ်စင်းဆိုတာ
ကျွန်တော်ရဲ့ ရင်ဘတ်အတွင်းသို့
စီးဝင်ခဲ့ခြင်းမဟုတ်ပဲ
မြစ်ဖျားခံသွားခဲ့တာပါ………..။။
ဘယ်အရပ်ဘယ်ဒေသမှာ သူစီးဝင်မည်ဆိုတာ
ကျွန်တော်သိလိမ့်မည် မဟုတ်ပါ…….


***အသင်တို့ ရင်ထဲကိုကော မြစ်တစ်စင်းဆိုတဲ့သူ
စီးဝင်ခဲ့ဖူးပါသလား သို့တည်းမဟုတ်
မြစ်ဖျားခံခဲ့ဖူးပါ၏လော…..။။

"လက်ဆောင်"



သစ္စာတွေပျက်ပြယ်လို့ ဆုံဆည်းမှုတွေဝေးလွင့်

နှလုံးသားပေါ်မှာကျန်ခဲ့တဲ့ ခြေရာတစ်စုံ

အမှတ်မထင် ငါ့ကိုယ်တိုင်တွေ့လိုက်တဲ့နေ့က

ပြုတ်ကျလာတဲ့ မျက်ဝန်းထဲကရေတံခွန်လေး

ခိုးနားရာမဲ့နေတဲ့ ငှက်တစ်ကောင်

အထီးကျန်ဆန်မှုနဲ့ လာမိတ်ဖွဲ့

ခြေရာပိုင်ရှင်ရဲ့ နောက်ဆုံးလက်ဆောင်

ပျောက်ဆုံးမသွားမယ့် တမ်းတလွမ်းဆွတ်ခြင်းတွေ

ခံစားမှုတွေနဲ့ထုပ်ပိုးလို့ ကြေကွဲမှုလမ်းကြောင်းကနေ

သူပို့လိုက်တယ်…