
မင်းမျက်ရည်တွေ စိုခဲ့တဲ့ဒီရင်ခွင်
မင်းအပြုံးတွေကြောင့် အေးမြခဲ့ရတဲ့ ဒီရင်ခွင်
မင်း စကားသံတွေကြောင့် ကြည်နူးခဲ့ရတဲ့ ဒီရင်ခွင်
မင်းကျေနပ်စွာနဲ့ ၀င်ခိုခဲ့တဲ့ ဒီရင်ခွင်
မင်းအကြည့်ကြောင့် စိုပြေခဲ့ရတဲ့ ဒီရင်ခွင်
မင်းကတိလေးတွေကြောင့် ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ ဒီရင်ခွင်
မင်းရဲ့လက်အစုံကြောင့် အင်အားဖြစ်ခဲ့ရတဲ့ ဒီရင်ခွင်
မင်းအနမ်းတစ်စုံကြောင့် ပိတီဖြစ်ခဲ့ရတဲ့ ဒီရင်ခွင်
သြော်…မင်းထွက်ခွာသွားတော့လည်း…
တစ်ချိန်က
ရင်ခွင်တစ်ခုဟာ ခြောက်သွေ့အက်ကွဲစွာ…. ကျန်ခဲ့ပြီပေါ့…
0 comments:
Post a Comment