ဝေသမျှ မကြွေတဲ့ပန်းပါ
မင်းမနမ်းချင်လဲ ပွင့်ခဲ့ပြီလေ ......
စိမ့်ထွက်သမျှ မခမ်းတဲ့စမ်းပါ
မင်းမသောက်ချင်လဲ စီးခဲ့ပြိလေ .....
ဆိုနေသမျှ မဆုံးတဲ့တေးပါ
မင်းမကြားချင်လဲ သိခဲ့ပြီလေ ......
မြူတိမ်ကင်းပြီး သာတဲ့လပါ
မင်းအိပ်နေလဲ သာခဲ့ပြီလေ ........
တောင်ထိပ်က သစ်ပင်ထက်
တောင်ခြေက ချောင်းငယ်တစ်ခု ဖြစ်ချင်ပါတယ်........
(မင်းမောတဲ့အခါ .....)
ခြေဆေးလို့ ရအောင်ပေါ့ .......။