လွမ်းဆွတ်ခြင်း


ကြားနေကျ စကားသံလေးတွေ(မကြားနိုင်တော့)
မြင်နေကြ ပုံရိပ်လေးတွေ(မြင်ခွင့်မရှိတော့)
အတူလျောက်နေကြ လမ်းကလေးလည်း(ခြေရာတစ်စုံနဲ့)
အတူရှိခဲ့ဖူးတဲ့ နေရာလေးဟာ(အထီးကျန်စွာ)
ထားရစ်ခဲ့တဲ့ ရင်ခွင်ဟောင်းမှာ(ခြောက်သွေ့အက်ကွဲခြင်းတွေနဲ့အတူ)
ဟိုးအရင်ကလိုပဲ ရူးသွပ်ခြင်းတွေနဲ့(တမ်းတလွမ်းဆွတ် လျက်…)

တမ်းတခြင်း


မင်းမျက်ရည်တွေ စိုခဲ့တဲ့ဒီရင်ခွင်
မင်းအပြုံးတွေကြောင့် အေးမြခဲ့ရတဲ့ ဒီရင်ခွင်
မင်း စကားသံတွေကြောင့် ကြည်နူးခဲ့ရတဲ့ ဒီရင်ခွင်
မင်းကျေနပ်စွာနဲ့ ၀င်ခိုခဲ့တဲ့ ဒီရင်ခွင်
မင်းအကြည့်ကြောင့် စိုပြေခဲ့ရတဲ့ ဒီရင်ခွင်
မင်းကတိလေးတွေကြောင့် ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ ဒီရင်ခွင်
မင်းရဲ့လက်အစုံကြောင့် အင်အားဖြစ်ခဲ့ရတဲ့ ဒီရင်ခွင်
မင်းအနမ်းတစ်စုံကြောင့် ပိတီဖြစ်ခဲ့ရတဲ့ ဒီရင်ခွင်
သြော်…မင်းထွက်ခွာသွားတော့လည်း…
တစ်ချိန်က
ရင်ခွင်တစ်ခုဟာ ခြောက်သွေ့အက်ကွဲစွာ…. ကျန်ခဲ့ပြီပေါ့…

ရူးအောင်မလုပ်နဲ့ 


ဘယ်နေရာကြည့်ကြည့်
မင်းမျက်နှာလေးရှိရှိနေတယ်
ကိုယ်ဘယ်ကိုသွားသွား
အတွေးထဲမှာမင်းပါပါလာတယ်
အတွေးထဲကနေရောက်ရာက်လာပြီး
မျက်စီမှိတ်မှိတ်ပြတဲ့မင်းကြောင့်
လူကြားထဲတောင်ကြောင်တောင်တောင်နဲ့
ရောင်ရာင်ပြီးပြုံးမိတယ်လေ
ညညဆိုသတိတရနဲ့မင်းအတွက်

ကိုယ်ကဗျာထထရေးတယ်
အိမ်မက်မက်တဲ့ထိအောင်
လိုက်လိုက်လာတဲ့ကောင်မလေးရေ
အချစ်ကိုကြောက်တဲ့လူကိုများ
ဘာကြောင့်သေလောက်အောင်
ခြောက်ရတာလဲလေ ....။

online story

Chat နေရင်းနဲ့ ဒို့ဝေးသွားပြီ
Gtalk လေးနဲ့ သူခြွေသွားခဲ့
VZO ထဲထိ ပျော်ခဲ့ပြီးမှ
Online ပေါ်ကို နောက်မလာတော့ဘူး
နူတ်ဆက် massage ဝေဒနာဖိတ်စာ
mail ထဲမှာလဲ အဆွေးတွေနဲ့
Block သွားသူကို မျှော်ရသလိုပဲ
Online ပေါ်ကအပျော်ကြံပြီး ပြန်မလာတော့တဲ့မင်းကို
ငါကလည်း photo လေးကြည့်ကြည့်ပြီးစောင့်နေမိတယ် ........။

ပေးဆပ်ခြင်း


ဝေသမျှ မကြွေတဲ့ပန်းပါ
မင်းမနမ်းချင်လဲ ပွင့်ခဲ့ပြီလေ ......
စိမ့်ထွက်သမျှ မခမ်းတဲ့စမ်းပါ
မင်းမသောက်ချင်လဲ စီးခဲ့ပြိလေ .....
ဆိုနေသမျှ မဆုံးတဲ့တေးပါ
မင်းမကြားချင်လဲ သိခဲ့ပြီလေ ......
မြူတိမ်ကင်းပြီး သာတဲ့လပါ
မင်းအိပ်နေလဲ သာခဲ့ပြီလေ ........
တောင်ထိပ်က သစ်ပင်ထက်
တောင်ခြေက ချောင်းငယ်တစ်ခု ဖြစ်ချင်ပါတယ်........
(မင်းမောတဲ့အခါ .....)
ခြေဆေးလို့ ရအောင်ပေါ့ .......။