ပူပင်ကြောင့်ကြ စိုးရိမ်မှုကင်း
ဒုက္ခအလျဉ်း မရှိသည့်နေရာ။
သောကဟူသမျှ ခါးစည်းခံကာ
အန္တာရာယ်တွေ ရင်ဆိုင်ဖြေရှင်း
မျက်နှာတစ်ချက် မညိုးငယ်ရ
အေးချမ်းပျော်ရွှင် လိုရာဖြည့်ဆည်း
မှန်ရာလမ်းညွှန် ကောင်းရာသင်ပြ
ပေးဆပ်မှုအတိ ရှိသည့်နေရာ။
လန်းဆန်းအပြုံး အကြင်နာလက်နှင့်
ဖေးမကူညီ အားပေးနှစ်သိမ့်
နွေးထွေးမှုနှင့် ငြိုငြင်မှုမဲ့
အမြဲကြိုဆို တံခါးဖွင့်သည့်နေရာ။
မှတ်ချက်၊ ၊ ကဗျာလေးရဲ့ခေါင်းစဉ်ကို ဖတ်ပြီးသွားတဲံသူတိုင်း ရေးပေးခဲ့စေချင်ပါတယ်။
(ညီလေးသော်ဇင်ဦး ကဗျာအား ခံစားတင်ပြသည်)