မေမေ
မိဘရင်ခွင် အဝေးမှာမို့
လွမ်းဆွတ်တမ်းတ သတိရနေပြီးလား....မေမေ
မေမေ့ဝတ်ပြု တောင်းဆုမေတ္တာ
ပို့သမှုကြောင့် ရေခြားမြေခြား
ဝေးကွာနေလည်း သားရဲ့စိတ်အစဉ်
ငြိမ်းချမ်းပျော်ရွှင် ကြည်နူးရ၏
မေမေပြောသည့် ဆုံးမမှာစကား
စိတ်မှာကြားယောင် နားထောင်ကျင့်သုံး
လိုက်နာမှုကြောင့် တည်ငြိမ်အေးချမ်းရပါတယ် ....မေမေ
မေမေ့ရင်ခွင် အဝေးမှာမို့
စိုးရိမ်ပူပန် လွမ်းဆွေးတမ်းတ
ဝမ်းနည်းမှုကြောင့် မေမေ့မျက်ဝန်း
စီးကျမျက်ရည် ရှိသည့်အခါ
ချစ်သားရင်ဝယ် ဗလောင်ဆူကာ
မချိတင်ကဲ ရှိလှပါ၏။
ရိုသေလေးစား ဦးထိပ်ပန်ဆင်
လက်ဆယ်ဖြာမိုး အစဉ်ရှိခိုး
မိဘခြေရာ ရင်ဝယ်ပိုက်ကာ
အမြဲအောက်မေ့ သတိရလျက်
တာဝန်များနှင့် မေမေ့သား...မေမေ
မိဘရင်ခွင် အဝေးမှာမို့
လွမ်းဆွတ်တမ်းတ သတိရနေပြီးလား....မေမေ
မေမေ့ဝတ်ပြု တောင်းဆုမေတ္တာ
ပို့သမှုကြောင့် ရေခြားမြေခြား
ဝေးကွာနေလည်း သားရဲ့စိတ်အစဉ်
ငြိမ်းချမ်းပျော်ရွှင် ကြည်နူးရ၏
မေမေပြောသည့် ဆုံးမမှာစကား
စိတ်မှာကြားယောင် နားထောင်ကျင့်သုံး
လိုက်နာမှုကြောင့် တည်ငြိမ်အေးချမ်းရပါတယ် ....မေမေ
မေမေ့ရင်ခွင် အဝေးမှာမို့
စိုးရိမ်ပူပန် လွမ်းဆွေးတမ်းတ
ဝမ်းနည်းမှုကြောင့် မေမေ့မျက်ဝန်း
စီးကျမျက်ရည် ရှိသည့်အခါ
ချစ်သားရင်ဝယ် ဗလောင်ဆူကာ
မချိတင်ကဲ ရှိလှပါ၏။
ရိုသေလေးစား ဦးထိပ်ပန်ဆင်
လက်ဆယ်ဖြာမိုး အစဉ်ရှိခိုး
မိဘခြေရာ ရင်ဝယ်ပိုက်ကာ
အမြဲအောက်မေ့ သတိရလျက်
တာဝန်များနှင့် မေမေ့သား...
(ညီလေး သော်ဇင်ဦး ကဗျာအား ခံစားတင်ပြသည်)
0 comments:
Post a Comment