သွင်ပြင်

လေနှင်ရာလွင့် တတ်တဲ့
မိုးတိမ်တွေ....
လေတိုက်တိုင်း ယိမ်းကြတဲ့
သစ်ပင်တွေ....
မိုးကောင်းကင်ကြီးရဲ့ အောက်က
ပင်လယ်ရေတွေ...
သဲသောင်ပြင် ပေါ်က
စာသားတွေ...
မိုးရွာပြီးစမှာ ပေါ်တတ်တဲ့
သက်တံရောင်စဉ်တွေ...
ဒါတွေ အားလုံးဟာ
သူမရဲ့ သွင်ပြင်တွေပေါ့...
(ညီလေး သော်ဇင်ဦး ကဗျာအား ခံစားတင်ပြသည်)

" ..............."

ပူပင်ကြောင့်ကြ စိုးရိမ်မှုကင်း
ဒုက္ခအလျဉ်း မရှိသည့်နေရာ။
သောကဟူသမျှ ခါးစည်းခံကာ
အန္တာရာယ်တွေ ရင်ဆိုင်ဖြေရှင်း
မျက်နှာတစ်ချက် မညိုးငယ်ရ
အေးချမ်းပျော်ရွှင် လိုရာဖြည့်ဆည်း
မှန်ရာလမ်းညွှန် ကောင်းရာသင်ပြ
ပေးဆပ်မှုအတိ ရှိသည့်နေရာ။
လန်းဆန်းအပြုံး အကြင်နာလက်နှင့်
ဖေးမကူညီ အားပေးနှစ်သိမ့်
နွေးထွေးမှုနှင့် ငြိုငြင်မှုမဲ့
အမြဲကြိုဆို တံခါးဖွင့်သည့်နေရာ။
မှတ်ချက်၊ ၊ ကဗျာလေးရဲ့ခေါင်းစဉ်ကို ဖတ်ပြီးသွားတဲံသူတိုင်း ရေးပေးခဲ့စေချင်ပါတယ်။
(ညီလေးသော်ဇင်ဦး ကဗျာအား ခံစားတင်ပြသည်)

တာဝန်ကြားက မေ့မေ့သား

မေမေ
မိဘရင်ခွင် အဝေးမှာမို့
လွမ်းဆွတ်တမ်းတ သတိရနေပြီးလား....မေမေ
မေမေ့ဝတ်ပြု တောင်းဆုမေတ္တာ
ပို့သမှုကြောင့် ရေခြားမြေခြား
ဝေးကွာနေလည်း သားရဲ့စိတ်အစဉ်
ငြိမ်းချမ်းပျော်ရွှင် ကြည်နူးရ၏
မေမေပြောသည့် ဆုံးမမှာစကား
စိတ်မှာကြားယောင် နားထောင်ကျင့်သုံး
လိုက်နာမှုကြောင့် တည်ငြိမ်အေးချမ်းရပါတယ် ....မေမေ
မေမေ့ရင်ခွင် အဝေးမှာမို့
စိုးရိမ်ပူပန် လွမ်းဆွေးတမ်းတ
ဝမ်းနည်းမှုကြောင့် မေမေ့မျက်ဝန်း
စီးကျမျက်ရည် ရှိသည့်အခါ
ချစ်သားရင်ဝယ် ဗလောင်ဆူကာ
မချိတင်ကဲ ရှိလှပါ၏။
ရိုသေလေးစား ဦးထိပ်ပန်ဆင်
လက်ဆယ်ဖြာမိုး အစဉ်ရှိခိုး
မိဘခြေရာ ရင်ဝယ်ပိုက်ကာ
အမြဲအောက်မေ့ သတိရလျက်
တာဝန်များနှင့် မေမေ့သား...မေမေ

မိဘရင်ခွင် အဝေးမှာမို့
လွမ်းဆွတ်တမ်းတ သတိရနေပြီးလား....မေမေ
မေမေ့ဝတ်ပြု တောင်းဆုမေတ္တာ
ပို့သမှုကြောင့် ရေခြားမြေခြား
ဝေးကွာနေလည်း သားရဲ့စိတ်အစဉ်
ငြိမ်းချမ်းပျော်ရွှင် ကြည်နူးရ၏
မေမေပြောသည့် ဆုံးမမှာစကား
စိတ်မှာကြားယောင် နားထောင်ကျင့်သုံး
လိုက်နာမှုကြောင့် တည်ငြိမ်အေးချမ်းရပါတယ် ....မေမေ
မေမေ့ရင်ခွင် အဝေးမှာမို့
စိုးရိမ်ပူပန် လွမ်းဆွေးတမ်းတ
ဝမ်းနည်းမှုကြောင့် မေမေ့မျက်ဝန်း
စီးကျမျက်ရည် ရှိသည့်အခါ
ချစ်သားရင်ဝယ် ဗလောင်ဆူကာ
မချိတင်ကဲ ရှိလှပါ၏။
ရိုသေလေးစား ဦးထိပ်ပန်ဆင်
လက်ဆယ်ဖြာမိုး အစဉ်ရှိခိုး
မိဘခြေရာ ရင်ဝယ်ပိုက်ကာ
အမြဲအောက်မေ့ သတိရလျက်
တာဝန်များနှင့် မေမေ့သား...
(ညီလေး သော်ဇင်ဦး ကဗျာအား ခံစားတင်ပြသည်)

မညီမျှတဲ့ ခံစားမှု

အရင်က စကားသံ
တိုးတိုးလေးပြန်ကြားနေတယ်....
ငါကမင်းရဲ့  အဝေးမှာနေရပေမဲ့
မင်းရဲ့ ရုပ်ပုံလွှာလေးကတော့
ငါ့နှလုံးသားမှာ
ထာဝရ နေရာယူလို့ ပေါ့....
အအိပ် အစားပျက်နဲ့ 
ပြန်တွေ့ မဲ့ ရက်တွေကို
လက်ခိုးရေ ရင်းရူးခဲ့တာတွေ ....
ဒါတွေခုတော့ ကန်ရေအလျင်လိုပါပဲလေ ...
ပြန်တွေးရင် ငါရင်နာလွန်းလို့ 
အတိတ်ကိုမေ့ထားလိုက်ချင်ပြီ.......
(ညီလေးသော်ဇင်ဦး အားအမှတ်တရအငှားခံစားပေးသည်)